Saturday, August 2, 2014

Abortion Q and A မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ

၁။ ecee2 ကို ဖြစ်ပြီးတန်းသောက်ရတာလားဆရာ။ ၂။ RU486 (Mifepristone) ကို ဆရာဝန်ညွန်ကြားချက် မရှိဘဲသောက်ရင် ၃။ မရည်ရွယ်ပဲနဲ့ ကိုယ်ဝန်ရချင်သလို ဖြစ်နေပါတယ်။ ၄။ ကိုယ်ဝန်ပျက်ကျပြီး သွေးဆင်းနည်းနေတာ (ဆိုင်ဒိုတက်) တစ်လုံးသောက်ဖို့လိုလား။ ၅။ အကာအကွယ် မသုံးပဲ အတူအိပ်ဖြစ်သွားပါတယ်။ ၆။ မသင်္ကာတာနဲ့ စစ်ကြည့်တော့ Pregnancy ဖြစ်နေပါတယ်။ ၇။ ဆီးစစ်ကိရိယာနဲ့ စစ်ကြည့်လိုက်တော့ Pregnancy ဖြစ်နေတဲ့ Sign ပဲ ပြနေပါတယ်။ November 10, 2010 11:45 AM ၁။ ဆရာ ecee2 ကို ဖြစ်ပြီးတန်းသောက်ရတာလားဆရာ။ ၁၂ နာရီခြား ဆေးနှစ်လုံးစလုံး သောက်ပြီး အဲဒီနေ့တန်းဖြစ်ရင် ထပ်သောက်ရလား။ ဆေးတစ်လုံးသောက်ပြီး နောက်တစ်လုံး မသောက်ခင်ကြားကော ဖြစ်လို့ရလား။ ၁။ ဒီဆေးက ကိုယ်ဝန်ဖျက်ဆေး မဟုတ်ပါ။ ကိုယ်ဝန်တားဆေးဖြစ်တယ်။ ကိုယ်ဝန်ဖြစ်ပြီးသားကို မပျက်စေနိုင်ပါ။ ဒီဆေးထဲမှာ Progesterone or Oestrogen ဟော်မုန်းတွေ အများကြီးပါတယ်။ ဥဖြစ်လာမှာကိုတားတယ်၊ ဥနဲ့ သုတ်ပိုး မတွေ့အောင် တားတယ်။ သူတို့နှစ်မျိုးတွေ့ပြီးအုံးတော့ သားအိမ်အတွင်းနံရံမယ် လာတွယ်မှာကို တားတယ်။ ၂။ လိင်ဆက်ဆံမှုဖြစ်ပြီး ၃-၅ ရက်အတွင်း ဆေးသောက်တယ်ဆိုရင် ဆက်ဆံတာ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် တားနိုင်တယ်။ ဆေးသောက်ထားတာနဲ့ ၃-၅ ရက်အတွင်း လိင်ဆက်ဆံမှုက အချိန်အရ အကြုံးဝင်နေရင် ကာကွယ်နိုင်မယ်။ ဆိုလိုတာက နောက်ဆုံးအကြိမ် လိင်ဆက်ဆံမှုနဲ့ တွက်ရမှာပါ။ ၃။ ဆေး ၂ လုံးစလုံး သောက်ထားမှ သေခြာတယ်။ ပဌမ ၁လုံးနဲ့ ဒုတိယ ၁ လုံးကြား ဆက်ဆံမိတာလဲ အကြုံးဝင်ပါမယ်။ ၄။ နောင်မှာလဲ ဆက်ဆံဘို့ရှိနိုင်သူဆိုရင် ဒီဆေးမျိုးသောက်၊ ရာသီလဲလာပြီးရင် တနေ့ ၁ လုံး၊ တလ ၂၁ လုံး သောက်ရမဲ့ဆေး ဆက်သောက်နေရမယ်။ ဒါမှမဟုတ် တခြားနည်းလမ်းတခုခုကို သုံးရမယ်။ December 21, 2010 1:06 AM ၂။ RU486 (Mifepristone) ကို ဆရာဝန်ညွန်ကြားချက် မရှိဘဲသောက်ရင် ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရနိုင်ပါသလဲ။ Medical Abortion (RU486) ဘေးထွက်ဆိုးကျိုးတွေက ဒုတိယ ဆေးကြောင့်ဖြစ်တာ များတယ်။ သွေးအများကြီး ဆင်းမယ်၊ ခေါင်းကိုက်မယ်၊ ပျို့-အန်မယ်၊ ဝမ်းပျက်တတ်တယ်၊ ဗိုက်အတော်နာမယ်။ July 29, 2011 1:07 PM ၃။ ကျွန်မနဲ့ ကျွန်မချစ်သူ မရည်ရွယ်ပဲနဲ့ ကိုယ်ဝန်ရချင်သလို ဖြစ်နေပါတယ်။ ရာသီမလာတာတော့ ပုံမှန် လာရမယ့်ရက်ထက် ၂ ပတ်ကျော်နေပါပြီ။ မသင်္ကာလို့ ဆီး စစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာပြနေပါတယ်။ ကူညီပါဦးဆရာ။ အလွန်ဆုံးရှိ ၁ လလောက်လို့ပဲ ထင်ပါတယ်။ ဆေးနဲ့ပဲ ဒီကိုယ်ဝန်ကို ဖျက်ချချင်ပါတယ်။ ဆေးနည်းကောင်းလေးများ ပေးပါဦးဆရာရယ်။ အရင် မေးဘူးတာတွေကို ဖြေသလိုဘဲ။ ကျွန်တော်က မြန်မာပြည်က ဆေးပညာသင်ထားသူမို့ တမင် ကိုယ်ဝန် ပျက်စေတာကို မခိုင်း-မလုပ်ပေးပါ။ ပညာအရသာ ဆေးခန်းက ဆရာမတွေ တတ်သိ နားလည်ကြအောင် ကိုယ်ဝန်ဖျက်တဲ့အကြောင်းတွေ ရေးပါတယ်။ January 15, 2012 10:48 AM ၄။ ကိုယ်ဝန်ပျက်ကျပြီး သွေးဆင်းနည်းနေတာ (ဆိုင်ဒိုတက်) တစ်လုံးသောက်ဖို့လိုလား။ သားအိမ်ထဲမှာ တစ်ခုခု ကျန်နေမှာစိုးလို့ပါ၊ ဘယ်လိုနည်းများ သုံးသင့်ပါလဲ။ Cytotec (ဆိုက်တိုတက်) ဆေးဟာ Misoprostol (မီဆိုပရိုစတော) ဖြစ်တယ်။ ဆေးဝါးဗေဒလိုပြောရင် Prostaglandin (ပရိုစတက်ဂလင်ဒင်) ဆေးဖြစ်တယ်။ Misoprostol 100 နဲ့ 200 mcg ဆိုပြီးလာတယ်။ တနေ့ ၄ ကြိမ်ပေးတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မပေးရဘူး။ ကိုယ်ဝန် ပျက်နိုင်တယ်။ ကလေးကိုထိခိုက်နိုင်တယ်။ စောမွေးစေနိုင်တယ်။ သွေးဆင်းများနိုင်တယ်။ ရှားရှားပါးပါး သားအိမ်ကွဲတာလဲ ဖြစ်ဘူးတာရှိတယ်။ ဘေးထွက်-ဆိုးကျိုး = ဗိုက်နာ၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ပျို့-အန်-လေတက်။ တချို့ဆရာဝန်တွေက ကိုယ်ဝန်တားဘို့ရာ IUCD/IUD/ Copper T (ကောပါး-တီ) မထည့်ခင်မှာ သားအိမ်ဝကို ကျယ်စေ-ပြော့စေဘို့အတွက် ဒီဆေးကို သုံးတတ်တယ်။ အထူးသဖြင့် ကလေး မမွေးဘူးသေးတဲ့ အမျိုးသမီးတွေ။ တချို့ဆေးရုံတွေက ကလေးမွေးတဲ့အခါ သားအိမ်အဝ ကျယ်စေဘို့အတွက် သုံးတယ်။ မွေးလမ်းကြောင်းထဲကို ဆေးပြားကို ချေပြီး (သေးအောင်ခွဲပြီး) ထည့်ပေးတယ်။ ပါးစပ်ကလဲ သောက်နိုင်တယ်။ ကိုယ်ဝန်ဖျက်ဘို့အတွက်လဲ သုံးတာရှိတယ်။ ဒါပေမဲ့ ၁၉၉၉ American College of Obstetricians and Gynecologists အမေရိကန် သားဖွါး-မီးယပ် ကောလိပ်က ဆရာဝန်တွေက သားအိမ်ကွဲနိုင်တာကို သတိပေးထားတာတယ်။ FDA က အသိအမှတ် ပြုမထားဘူး။ 15.01.2012 ၇။ အခုလိုပြန်ဖြေပေးတာကို ကျေးဇူးအရမ်းတင်ပါတယ်ဆရာ။ ကျွန်မကို တစ်ခုလောက်ထပ် မေးခွင့်ပြုပါဆရာရှင့်။ အရင်ရက်က ပြောခဲ့သလိုပဲ Mifepristrone နဲ့ Misoprostol သုံးပြီးသွားတဲ့အခါမှာ သွေးဆင်းပါတယ်ရှင့်။ ဒါပေမဲ့ သွေးဆင်းပြီးတဲ့အခါ ဆီးစစ်ကိရိယာနဲ့ စစ်ကြည့်လိုက်တော့ Pregnancy ဖြစ်နေတဲ့ Sign ပဲ ပြနေပါတယ်။ အဲဒီနောက် ကျန်နေမှာစိုး တာနဲ့ Misoprostol 800 mcg ကို Vagina ထဲထည့်တော့ လည်းဘာမှဆက် မဆင်းတော့ပါဘူးရှင့်။ ကျွန်မ ဘာဆက်လုပ်သင့်ပါသလဲရှင့်။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်တာဟာ ဆီးထဲမှာ အချင်းနဲ့ဆိုင်တဲ့ဟော်မုန်းကို စစ်တာဖြစ်တယ်။ ကိုယ်ဝန်ပျက်သွားပေမဲ့ သွေးထဲမှာ ဒီဟော်မုန်း မကုန်သေးမချင်း ဆီးထဲမှာ ပါနေမယ်။ ဆီးစစ်ရင်တွေ့နေအုံးမှာဘဲ။ March 1, 2010 10:37 AM ကျွန်မ ကိုယ်ဝန်ပျက်ကျသွားပြီးနောက် ၂ လကြာသည်အထိ ရာသီ မဆင်းသေးပါ။ အန္တရာယ်များ ရှိနိုင်ပါသလား။ ဆေးသုံးလို့ ပျက်ကျထားတဲ့ ကိုယ်ဝန်ဖြစ်ပါတယ်။ ရာသီပုံမှန် ပြန်ဆင်းနိုင်ဖို့အတွက် ဘာဆေးတွေ သောက်သင့်သလဲ။ ဘယ်လိုနေသင့်သလဲ ဆိုတာ ဖော်ပြပေးပါ။ အခုလိုဖြစ်ပြီးနောက် ရာသီမဆင်းသေးတာက အန္တရာယ်မဖြစ်ပါ။ တယောက်နဲ့တယောက် မတူဘူး။ ကိုယ့်မှာရှိနေတဲ့ ဟော်မုန်းတွေ အနည်းအများနဲ့ အချိုးအဆ မတူကြလို့ပါ။ သောက်လိုက်ရတဲ့ ဆေးထဲမှာလဲ ဟော်မုန်းတွေပါတာမို့ အပြောင်းအလဲ ဖြစ်သွားတာကြောင့် မဆင်းသေးတာတို့၊ နည်းသွားတာတို့၊ များလာတာတို့ တခုခုဖြစ်တာပါဘဲ။ ပြန်ဆင်းအောင် ဆေးမသောက်ဘဲလဲ အချိန် စောင့်နိုင်တယ်။ တကယ်လို့ နောက်တခါ ကိုယ်ဝန် မယူချင်သေးဘူး ဆိုရင်တော့ ရာသီမလာသေးလဲ၊ သေခြာအောင် တားနည်းတခုခု လုပ်ရပါမယ်။ အရင်က ရာသီလာတာ မှန်နေသူဆိုရင်၊ ကိုယ်ဝန်ရှိ-မရှိ ပူစရာလဲမလိုရင် အချိန်စောင့်ပါ။ ကိုယ်ဝန်ပျက်တာနဲ့ မဆိုင်ဘဲ ရာသီလာတာ လမမှန်သူများ၊ အိမ်ထောင်ရှိရှိ-မရှိရှိ လမှန်မှန် လာချင်ရင် ကိုယ်ဝန်တား စားဆေးကို ၃ လ လောက်သောက်ရင် ပုံမှန်ဖြစ်လာမယ်။ နေ့စဉ် သောက်ရတဲ့ တားဆေးတွေမှာ ပဌမ ၂၁ ရက် သောက်ရတဲ့ အရောင်မတူတဲ့ ဆေးလုံးတွေ သောက်နေတုံး ရာသီမဆင်းဘဲ၊ အဲဒီဆေးလုံး ကုန်တာနဲ့ ဆင်းလာတယ်။ ဒါ့ကြောင့် တလဲထဲ ၂ ခါ လာတတ်သူတွေပါ ဒီနည်းကိုလုပ်နိုင်တယ်။ ဆရာ့ဆေးခန်းမှာတော့ အဲလိုဖြစ်နေသူက အိမ်ထောင်မရှိသူ ဖြစ်နေရင် ကိုယ်ဝန်တား စားဆေးကို တလုံးစီဖေါက်ပြီး ဆေးထည့်အိပ်ထဲထည့် ပေးလိုက်ရတယ်။ ကပ်လိုက်ဆိုရင် သူများမြင်တဲ့အခါ အထင်မမှားအောင်လို့။ ဆေးတွေကတော့ရှိတာပေါ့။ လူ့ကိုယ်က သဘာဝအတိုင်း ပြန်မှန်လာအောင် လုပ်ပါလိမ့်မယ်။ သိပ်မစိုးရိမ်ပါနဲ့။ စိတ်အေးတည်ငြိမ်မှု၊ အစာအာဟာရ လုံလောက်ညီမျှမှုဖြစ်ပါစေ။ March 17, 2010 3:11 PM ကိုယ်ဝန်ပျက်ကျသွားပြီးနောက် နောက်တစ်ခါ ဓမ္မတာပေါ်ဖို့အတွက် အချိန်မည်မျှကြာကြာ စောင့်ရတက်ပါသလဲ။ ၅ လ၊ ၆ လ လောက်ထိ စောင့်ရတတ်ပါသလား။ နောက်တခါ ကိုယ်ဝန်ရဖို့ကော ဖြစ်နိုင်ချေရှိပါ့မလား။ ကျွန်မသုံးခဲ့သော ဆေးမှာ သားအိမ်အတွင်းသို့ တိုက်ရိုက်ထည့်လိုက်ရသော ဆေးဖြစ်ပါတယ်။ ဆေး ၂ တောင့်ထည့်ရပြီးနောက် ၃ နာရီခြားကာ သွေးများ ဆင်လာပါတယ်။ ပြီးနောက် ပြီးသွားပါတယ်။ ဟော်မုန်းပြောင်းလဲသွားပြီးနောက် နဂိုအတိုင်းပြန် ပုံမှန်ဖြစ်ဖို့ အတွက် မည်မျှကြာကြာ စောင့်ရတတ်ပါသလဲ။ တယောက်နဲ့ တယောက် မတူတတ်ပါ။ အများအားဖြင့် ဆက်တိုက်ပြန်လာပါတယ်။ ကိုယ်ဝန်ပျက်သွားတာကို ရာသီတလတွက် ဆင်းသွားတယ်လို့ အောက်မေ့နိုင်ပါတယ်။ May 7, 2010 5:12 PM အတူနေပြီးလို့ Morning after pill သောက်လိုက်ပေမဲ့ သားအိမ် အပြင်မှာ သန္ဓေတည်နိုင်ပါသေးလား။ Morning-after pill ဆိုတာက မျိုးဥ မထွက်ခင် (သွေးဆင်းအပြီး ၁၄ ရက်အတွင်း) သောက်ရင် မျိုးဥ ထွက်မလာအောင် လုပ်တယ်။ ဒီရက်နောက်မှ သောက်ရင် မျိုးဥကို ပြွန်ကတဆင့် သားအိမ်ထဲ ဆင်းလာမှာကို တားဆီးပြီး၊ သားအိမ်နံရံကို လာကပ်မှာကိုလည်း တားဆီးတယ်။ လက်တွေ့မှာ Morning-after pill ကြောင့် Ectopic pregnancy ရစေတယ်ဆိုတာ ကျွန်တော် သိသလောက် မဖြစ်ပါ။ (သီအိုရီ) အရ ပြန်စဉ်းစားရင် မဖြစ်နိုင်ဘူး ဆိုတာတော့ ရာနှုံးပြည့်လို့ ပြောမရဘူး ထင်ပါတယ်။ ဆေးကို သွေးဆင်းအပြီး ၁၄ ရက်နောက်မှ သောက်ရင်၊ ပြွန်ထဲကို မဆင်းဘဲ တခြားနေရာမှာ သွားတည်တာ ဖြစ်နိုင်တယ်လို့ ပြောရင် ငြင်းဘို့ ခက်ပါတယ်။ June 14, 2010 6:21 PM အတူနေပြီးလို့ Emergency Contraception ဆေး Ecee2 ကိုသောက်ပြီးသွားတဲ့ခါမှာ နောက်လတွေရော ရာသီသွေး ပုံမှန် ပြန်ဆင်းပါလား။ ဒီဆေးက ကိုယ်ဝန်မရနိုင်အောင်တားဆီးပေးတာ သေချာပါလား။ ဒီဆေးကဘယ်လို Side Effect တွေ ရရှိနိုင်လဲ သိချင်ပါတယ်။ Ecee2 ဆိုတာကို နိုင်ငံအမျိုးမျိုးမှာ နာမည်အမျိုးမျိုးနဲ့ ရှိတယ်။ ဆေးကတော့ Levonorgestrelm ဖြစ်ပေမဲ့ Mirena, Pkan B, One-Step, Next Choice လို့ရေးပြီး ရောင်းတယ်။ Progestins ဟော်မုန်းတမျိုးထဲပါတဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး ဖြစ်ပါတယ်။ ပုံမှန် ကိုယ်ဝန်မရှိအောင်အတွက် သုံးဘို့ မညွှန်းပါ။ သွေးဆင်း မမှန်တာအတွက်လဲ သုံးတတ်သေးတယ်။ မရည်ရွယ်ဘဲ ဆက်ဆံမိလို့၊ သဘာမတူဖြစ်သွားလို့၊ အကာအကွယ်မပါဘဲ ဖြစ်သွားလို့ ဆိုရင် ချက်ချင်း ဒီဆေး သောက်ရတယ်။ ၇၂ နာရီအထိ သေခြာတယ်။ အမှန်က ၅ ရက်အထိ ကြာသွားတာတောင် ကာကွယ်နိုင်သေးပါတယ်။ ပဌမဆေး ၁ လုံးသောက်ပြီးနောက် ၁၂ နာရီအကြာမှာ နောက်ဆေး ၁ လုံးထပ်သောက်ရတယ်။ ဆရာဝန်က တမျိုးညွှန်ကြားတာလဲ ရှိနိုင်သေးတယ်။ ရာသီဆင်းနေတဲ့ရက် ဘယ်ရက်မှာမဆို သောက်နိုင်တယ်။ တချို့က ဆေးသောက်ပြီး အန်တတ်တယ်။ ပျို့တာ၊ ဗိုက်နာတာ၊ ခေါင်းမူးတာ၊ ရင်သားတင်းတာ၊ ခေါင်းကိုက်၊ ဝမ်းပျက်၊ မောပန်းတာ၊ အားယုတ်တာတွေ ဖြစ်တတ်တယ်။ နောက်လတွေမှာ ရာသီ ပုံမှန်ပြန်ဆင်းနိုင်သလို ပြောင်းတာမျိုးလည်း ဖြစ်နိုင်တယ်။ November 10, 2010 11:45 AM ဆရာ ecee2 ကို ဖြစ်ပြီးတန်းသောက်ရတာလားဆရာ။ ၁၂ နာရီခြား ဆေးနှစ်လုံးစလုံး သောက်ပြီး အဲဒီနေ့တန်းဖြစ်ရင် ထပ်သောက်ရလား။ ဆေးတစ်လုံးသောက်ပြီး နောက်တစ်လုံး မသောက်ခင်ကြားကော ဖြစ်လို့ရလား။ ၁။ ဒီဆေးက ကိုယ်ဝန်ဖျက်ဆေး မဟုတ်ပါ။ ကိုယ်ဝန်တားဆေးဖြစ်တယ်။ ကိုယ်ဝန်ဖြစ်ပြီးသားကို မပျက်စေနိုင်ပါ။ ဒီဆေးထဲမှာ Progesterone or Oestrogen ဟော်မုန်းတွေ အများကြီးပါတယ်။ ဥဖြစ်လာမှာကိုတားတယ်၊ ဥနဲ့ သုတ်ပိုး မတွေ့အောင် တားတယ်။ သူတို့နှစ်မျိုးတွေ့ပြီးအုံးတော့ သားအိမ်အတွင်းနံရံမယ် လာတွယ်မှာကို တားတယ်။ ၂။ လိင်ဆက်ဆံမှုဖြစ်ပြီး ၃-၅ ရက်အတွင်း ဆေးသောက်တယ်ဆိုရင် ဆက်ဆံတာ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် တားနိုင်တယ်။ ဆေးသောက်ထားတာနဲ့ ၃-၅ ရက်အတွင်း လိင်ဆက်ဆံမှုက အချိန်အရ အကြုံးဝင်နေရင် ကာကွယ်နိုင်မယ်။ ဆိုလိုတာက နောက်ဆုံးအကြိမ် လိင်ဆက်ဆံမှုနဲ့ တွက်ရမှာပါ။ ၃။ ဆေး ၂ လုံးစလုံး သောက်ထားမှ သေခြာတယ်။ ပဌမ ၁လုံးနဲ့ ဒုတိယ ၁ လုံးကြား ဆက်ဆံမိတာလဲ အကြုံးဝင်ပါမယ်။ ၄။ နောင်မှာလဲ ဆက်ဆံဘို့ရှိနိုင်သူဆိုရင် ဒီဆေးမျိုးသောက်၊ ရာသီလဲလာပြီးရင် တနေ့ ၁ လုံး၊ တလ ၂၁ လုံး သောက်ရမဲ့ဆေး ဆက်သောက်နေရမယ်။ ဒါမှမဟုတ် တခြားနည်းလမ်းတခုခုကို သုံးရမယ်။ Dr တင့်ဆွေ

Abortion Pills ဖျက်ဆေးတွေအကြောင်း

ကျွန်တော်က မြန်မာပြည်ကနေ ဆေးပညာဘွဲ့ယူထားလို့စည်းကမ်းလိုက်နာပါတယ်။ ကိုယ်ဝန်ကို တမင်ဖျက်မပေးပါ။ ဆေးနည်းလဲမညွှန်ပါ။ ဆေးစာတွေသာစုံအောင်ရေးပါတယ်။ Misoprostol တမျိုးထဲနဲ့ ကိုယ်ဝန်ဖျက်နည်းကို ၁၉၇ဝ ကျော်ကတည်းက သုံးနေခဲ့တယ်။ ဒိနောက်မှာ (Misoprostol + Mifepristone) ဒါမှမဟုတ် (Misoprostol + Methotrexate) ဆေး ၂ မျိုးတွဲသုံးလာတယ်။ ၂၂ ပါတ် ကိုယ်ဝန်ကို ဆေးသုံးပြီးဖျက်ဘို့ နည်း ၃ မျိုးရှိတယ်။ ၁။ Misoprostol (Cytotec) ဆေးသုံးနည်း လူသုံးများနေတဲ့ Misoprostol (မစ်ဆိုပရိုစတောလ်) တမျိုးထဲနဲ့လည်း ဖျက်နိုင်တယ်။ ဒါပေမဲ့ ဆရာဝန်မပါဘဲ ကိုယ့်ဖါသာ မလုပ်သင့်ပါ။ သားအိမ်ကို ညှစ်စေပြီး အထဲက ကိုယ်ဝန်ကို အပြင်ထုတ်ပြစ်တယ်။ ဗိုက်နာလာပြီး သွေးဆင်းမယ်။ ရာသီလာတာထက် များမယ်။ ၈ဝ% မက ၉ဝ% အထိ အောင်မြင်မှုရှိတယ်။ ကိုယ်ဝန်ပိုရင့်နေရင် သွေးဆင်းတာ သိပ်များပြီး နောက်ဆက်တွဲ ဖြစ်နိုင်တာတွေ ရှိနိုင်တယ်။ သွေးအားနည်းနေသူတွေ မသုံးသင့်ဘူး။ အရက်၊ မူးယစ်ဆေးနဲ့ မတွဲသင့်ဘူး။ သားအိမ်ပြင်ပ ကိုယ်ဝန်အတွက် မသုံးရဘူး။ IUCD/IUD ကိုယ်ဝန်တားပစ္စည်းထည့် ထားသူတွေလဲ မသုံးရပါ။ သွေးဆင်းလာပေမဲ့ ကိုယ်ဝန် မပျက်နိုင်တာ ၁ဝ% ရှိနိုင်တယ်။ ဆေးနည်းနဲ့ ထပ်လုပ်နိုင်တယ်။ ဒါလဲ မပျက်သေးဘဲ ရှိနိုင်တယ်။ ၁၄ ရက်နေလို့မှ မပျက်ရင် သားအိမ်ခြစ်နည်း လုပ်ရမယ်။ ဆေးသုံးပြီး ကိုယ်ဝန်ဖျက်ပြီးနောက်မှာ မပျက်တာကို ကိုယ်ဝန်ကို ဆက်တည်စေချင်ရင် ကလေးမှာ ချို့ယွင်းချက် တခုခုဖြစ်နိုင်ခြေ နဲနဲရှိတယ်။ လိင်ကတဆင့် ကူးစက်ရောဂါ ရှိနေလျှင် တပါတည်း ကုသပါ။ Misoprostol ဆေးနာမယ်တွေ အမျိုးမျိုးရှိတယ်။ Alsoben, Arthrofen, Arthrotec 50 or 75 (200µg Misoprostol), Artrotec (Venezuela, Hong Kong, Australia), Asotec (Bangladesh), Cirotec, Cyprostol, Cyrux (Mexico), Cystol, Cytil (Colombia), Cytolog, Cytomis, Cytopan (Pakistan), Cytotec (200µg Misoprostol), Gastec, Gastrotec, Gistol, GMisoprostol, Gustrul (Indonesia), Gymiso, Isovent (Kenya, Nepal), Kontrac (India, Democratic Republic Congo), Mibetec, Miclofenac, Mirolut, Misel, Misive (Spain), Misoclo, Misofar (Spain), Misofen, Misogon, Misoplus, Misoprolen (Peru), Misoprost, Misotac (Egypt, Ghana, Sudan, Tanzania, Uganda, Zambia), Misotrol (Chili), Mizoprostol (Nigeria, Noprostol (Indonesia), Oxaprost 50 or 75 (200µg Misoprostol) (Argentina), Prestakind, Prostokos (25µg Misoprostol) (Brazil), Sintec, Vagiprost (25µg Misoprostol) (Egypt), Zitotec (က) ၁၂ ပါတ် အထိကိုယ်ဝန်ကို Misoprostol (Cytotec) တမျိုးထဲနဲ့ဖျက်ခြင်း၊ - Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ဝ နာရီတခါ၊ ၆ နာရီတခါ၊ ၁၂ နာရီတခါ စုစုပေါင်း ၃ ခါထည့်ပါ။ ဒါမှမဟုတ် - - Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ၁၂ နာရီတခါ ပေါင်း ၃ ခါထည့်ပါ။ ဒါမှမဟုတ် - - Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ၂၄ နာရီတခါ ပေါင်း ၃ ခါ ထည့်ပါ။ ဒါမှမဟုတ် - - Misoprostol 800mcg ကို လျှာနဲ့ ပါးစောင်မှာ ၃ နာရီခြား ၃ ခါ ငုံထားပါ။ • မွေးလမ်ကြောင်းကထည့်တာက ပါးစပ်ကသောက်တာနဲ့ ထိရောက်မှုတူပြီး၊ ဘေးထွက်-ဆိုးကျိုး ပိုနည်းတယ်။ လေ့လာမှု တချို့အရ ပါးစပ်ကသောက်တာဟာ ထိရောက်မှုနည်းတယ်။ မွေးလမ်းကထည့်ရင် ဆေးပြားကို နဲနဲ စိုအောင်အရင်လုပ်ပါ။ အတွင်းထိရောက်ပါစေ။ ပါးစပ်ကနေ အရင်ငုံထားတာ မိနစ် ၃ဝ နေလို့မှ ဆေးက ပျော်မသွားရင်တော့ မျိုချပါ။ • ၁၂ နာရီအတွင်း ၇ဝ% အကုန်ပျက်ကျတယ်။ • ၂၄ နာရီအတွင်း ၈ဝ% အကုန်ပျက်ကျတယ်။ • ၄၈ နာရီအတွင်း ၉၅% အကုန်ပျက်ကျတယ်။ • သားအိမ်ခြစ်စရာမလို၊ ဝယ်ရတာမခက်၊ ဈေးသိပ်မကြီး၊ သူ့အလိုလို ပျက်ကျသလိုနေ၊ ပျမ်းမျှ ၉၃% ထိရောက်မှုရှိ။ (ခ) ၁၃-၂၂ ပါတ် အထိကိုယ်ဝန်ကို Misoprostol (Cytotec) 400mcg ကို မွေးလမ်းကြောင်းကနေ ၃ နာရီတခါ၊ ပေါင်း ၅ ခါထည့်ပါ။ (ဂ) ၂၃ ပါတ်ကျော်နေတဲ့ ကိုယ်ဝန်ကို Misoprostol (Cytotec) ဆေးတမျိုးထဲနဲ့ ရနိုင်-မရနိုင် မသေခြာပါ။ Misoprostol Cytotec ဘေးထွက်-ဆိုးကျိုးများ = အန်၊ လေတက်၊ ဝမ်းချုပ်၊ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ရာသီမမှန်ခြင်း။ Misoprostol 200 mcg ပါတဲ့ဆေးပြား ၁၂ ပြားလိုမယ်။ (၁) Misoprostol 200 mcg ပါတဲ့ဆေးပြား ၄ ပြားကို လျှာအောက်မှာငုံထားပါ။ မျိုမချပါနဲ့။ နာရီဝက်နေလို့မှ ဆေးက ပျော်မသွားသေးရင်တော့ မျိုချနိုင်တယ်။ (၂) နောက်ထပ် ၃ နာရီအကြာမှာ နောက်ထပ် Misoprostol 200 mcg ပါတဲ့ဆေးပြား ၄ ပြားကို လျှာအောက်မှာ ငုံထားပါ။ (၃) နောက်ထပ် ၃ နာရီအကြာမှာ နောက်ထပ် Misoprostol 200 mcg ပါတဲ့ဆေးပြား ၄ ပြားကို လျှာအောက်မှာ ငုံထားပါ။ ပေါင်း ၄ ပြားစီ ၃ ကြိမ်၊ ၁၂ ပြားကုန်မယ်။ • ဆေး ပဌမ ၄ ပြားနောက် ၄ နာရီအကြာမှာ ဗိုက်နာပြီး သွေးဆင်းလာနိုင်တယ်။ ဒိထက်လဲ နောက်ကျနိုင်တယ်။ ကိုယ်ဝန်ရင့်နေရင် ရင့်သလို သွေးဆင်းများမယ်။ အခဲတွေလဲပါမယ်။ ကုန်ကာနီးရင် ပိုနာ၊ ပိုဆင်းမယ်။ နောက် ကုန်တာနဲ့ ရပ်သွားမယ်။ ၉ ပတ်အထိရှိနေတဲ့ ကိုယ်ဝန်ဆိုရင် ဆင်းတာထဲမှာ အိတ်ကိုပါ မြင်ရမယ်။ • ဆေး ၃ ခါသုံးပြီးနောက် သွေးမဆင်းရင် ဆေးသုံးဖျက်နည်းနဲ့ မရနိုင်ပါ။ • သွေးဆင်းတာများရင်၊ လူကလဲ သွေးအားနည်းနေရင် သွေးဖိအားကျပြီး၊ ခေါင်းမူတာဖြစ်မယ်။ သွေးမဟုတ်ရင် Drip သွင်းဘို့ လိုနိုင်တယ်။ အိပ်ရာထဲမှာ လှဲနေရမယ်။ နားရမယ်။ ရေ-အရည် များများသောက်ရမယ်။ • ကိုယ်ပူပြီး ချမ်းရင် နဲနဲဆို ကိစ္စမရှိပါ။ ၃၈ ဒီဂရီကျော်ရင် ပိုးသေဆေး၊ အဖျားကျဆေးတွေ လိုမယ်။ • Arthrotec နဲ့ Oxaprost ထဲမှာ အနာသက်သာဆေး Diclofenac တွဲပါနေသည်။ အထဲမှာနေတဲ့ Diclofenac ကို မျိုမချတာ ကောင်းတယ်။ ၂။ Misoprostol + Mifepristone နည်း • Mifepristone ကို RU-486 လို့လဲခေါ်တယ်။ Mifegyne လို့လဲခေါ်တယ်။ Mifeprex လို့လဲခေါ်တယ်။ Antiprogestogen ကိုယ်ဝန် ဆက်တည်တန့်ဘို့ အတွက်လိုအပ်တဲ့ (ပရိုဂျက်စတိုဂျင်) ဟော်မုန်းကို ဆန့်ကျင်တဲ့ဆေး ဖြစ်တယ်။ • Mifepristone ဆေးကို ပါးစပ်ကဖြစ်ဖြစ် မွေးလမ်းကဖြစ်ဖြစ်ပေးလို့ရတယ်။ သားအိမ်နံရံ ပါးလာမယ်။ သားအိမ်ဝကို ပျော့စေ၊ ကျယ်စေတယ်။ အချင်း (ဆဲလ်) တွေ အသစ်ဖြစ်မှာကို တားဆီးတယ်။ အချင်း ကွာကျလာမယ်။ သားအိမ်ကိုလည်း ပိုပြီးညှစ်လာစေတယ်။ အထဲကရှိတာကို အပြင်ထုတ်မယ်။ • Induced abortion ၄၉ ရက်အထိ ကိုယ်ဝန်ကို ဖျက်ခြင်း (FDA အသိအမှတ်ပြုနည်း) - ပဌမနေ့။ Mifepristone (Mifeprex) 200 mg ၃ ပြားကို ပါးစပ်ကတပြိုင်နက်တည်း သောက်ပါ။ - တတိယနေ့။ Misoprostol (Cytotec) 200 mcg ၂ ပြားကို ပါးစပ်ကတပြိုင်နက်တည်း သောက်ပါ။ - ၁၄ ရက်အကြာမှာ ဆရာဝန်ပြန်ပြပါ။ လိုအပ်ရင် သားအိမ်ခြစ်ပေးမယ်။ • သားအိမ်ခြစ်စရာမလို၊ ဝယ်ရတာနဲနဲခက်၊ ဆေးဈေးကြီး၊ သူ့အလိုလိုပျက်ကျသလိုနေ၊ ၉၅% ထိရောက်မှုရှိ။ ဆေးခန်းကို ၂ ကြိမ်ပြရန်လို။ သွေးဆင်းနေတာက Misoprostol (Cytotec) တမျိုးထဲသုံးတာထက် ပိုကြာနိုင်။ • မွေးလမ်းက သွေးဆင်းတာအတွက်လဲ သုံးတယ်။ အရေးပေါ်တားဆေးအဖြစ် Mifepristone 100 mg တလုံးထဲ သောက်ရတယ်။ Festone Combi-KIT ဆိုပြီး အိန္ဒိယကထုတ်တဲဆေးမှာ Mifepristone နဲ့ Misoprostol (၂) မျိုးတွဲပါတယ်။ Mifepristone 200 mg (၁) ပြား + Misoprostol 200 mcg (၄) ပြား ပါတယ်။ ၄၉-၆၃ ကိုယ်ဝန်ကိုဖျက်ဘို့ Mifepristone 200 mg (၁) ပြားကို ပါးစပ်ကနေသောက်ပါ။ ၁-၃ ရက်အကြာမှာ Misoprostol 200 mcg (၄) ပြားကို ဗဂျိုင်းနားထဲ ထည့်ပါ။ ၄ နာရီအကြာမှာပျက်ကျမယ်။ မပျက်သေးရင် Misoprostol 200 mcg (၂) ပြားကို ဗဂျိုင်းနားထဲက ထည့်ပါ။ ဒါမှမဟုတ် ပါးစပ်နေ သောက်ပါ။ ၃။ Misoprostol + Methotrexate (M&M) ဆေး ၂ မျိုးတွဲနည်း • ၇ ပါတ် (၄၉ ရက်) ကိုယ်ဝန်အတွက်သုံးနိုင်တယ်။ • Methotrexate ဆေးက DNA synthesis ကိုတားဆီးပေးတယ်။ ထိုးဆေး-စားဆေးရှိတယ်။ (အော်တိုအင်မြူးန်) ရောဂါတချို့အတွက်လဲသုံးတယ်။ ကင်ဆာတွေမှာလဲသုံးတယ်။ ဖေါလစ်-အက်စစ် အလုပ်ကိုလဲ တားဆီးတယ်။ • Methotrexate + Misoprostol ကို သားအိမ်ပြင်ပ သန္ဓေတည်တာအတွက်လဲ သုံးနိုင်တယ်။ • ကိုယ်ဝန်ရှိတာဟာ သားအိမ်ထဲလား၊ အပြင်မှာလား၊ IUD သားအိမ်ထဲ တားနည်း-ပစ္စည်း ရှိ-မရှိ ကြည့်မယ်။ • Methotrexate IM ဆေးထိုးပေးပြီးနောက် ၃-၇ ရက်အကြာမှာ Misoprostol suppositories ၂ ပြားကို ဗဂျိုင်းနားကဖြစ်ဖြစ် ပါးစပ်ကဖြစ်ဖြစ်ပေးမယ်။ • Methotrexate တမျိုးထဲကနေ ၁ဝ% သွေးဆင်းမယ်။ ဆေး ၂ မျိုးပေးပြီးနောက် ၄ နာရီကနေ ၂၁ ရက်အတွင်း သွေးဆင်းမယ်။ တချို့က ၄ ပါတ်နေမှသွေးဆင်းတယ်။ ဆင်းနေတာ ၈-၁၆ ရက်အထိကြာနိုင်တယ်။ ဒိထက်ကြာ နေရင် ဆရာဝန်ပြန်ပြပါ။ တော်တော်နဲ့ မဆင်းသေးသူကို Misoprostol ဒုတိယအကြိမ် ထပ်ပေးနိုင်တယ်။ • FDA က အသိအမှတ်ပြုမထားပါ။ ဝယ်ရတာခက်နိုင်၊ ဆေးဈေးကြီး၊ ကိုယ်ဝန်နုတာသာသုံးနိုင်။ သွေးဆင်းနေတာ Misoprostol တမျိုးထဲ သုံးတာထက် ပိုကြာနိုင်။ Mifepristone ဆေးကို တခြားကိုယ်ဝန်ဆောင်အခြေအနေများမှာသုံးခြင်း • Intrauterine death (IUD) ကလေးအထဲမှာ သေနေရင် - - ၁၃-၁၇ ပါတ်ကိုယ်ဝန် = Mifepristone (Mifeprex) 200mg ကို မွေးလမ်းကြောင်းထဲ ၆ နာရီခြား ထည့်ပါ။ - ၁၈-၂၆ ပါတ်ကိုယ်ဝန် = Mifepristone (Mifeprex) 100mcg ကို မွေးလမ်းကြောင်းထဲ ၆ နာရီခြား ထည့်ပါ။ - ၂၇ ပါတ်ကျော်ကိုယ်ဝန် = 25-50mcg ကို မွေးလမ်းကြောင်းထဲ ၄ နာရီခြားထည့်ပါ။ - အရင်က LSCS/CS ဗိုက်ခွဲမွေးထားသူဆိုရင် ဆေးလျှော့ပေးပါ။ • Induction of labor ကလေးမြန်မြန်မွေးအောင်လုပ်ခြင်း - Mifepristone (Mifeprex) 25mcg ကို မွေးလမ်းကြောင်းထဲ ၄ နာရီခြားထည့်ပါ။ ဒါမှမဟုတ် - Mifepristone (Mifeprex) 50mcg ပါးစပ်က ၄ နာရီခြားသောက်ပါ။ mcg နဲ့ mg ကို အထူးသတိပြုပါ။ Dr. တင့်ဆွေ

Abortion or not ကိုယ်ဝန်ဖျက်တယ်ဆိုတာ

(၁) ဆရာခင်ဗျား။ ကိုယ်ဝန်ဖျက်ချတာနဲ့ ပတ်သက်ပြီး လူသတ်မှု မြောက် မမြောက် သိချင်လို့ပါ။ ဆေးပညာအရ သန္ဓေတည်ခြင်း၊ လူ့အသက်၊ သေခြင်း စတာတွေကို ဘယ်လိုသတ်မှတ်သလဲ ရှင်းပြပေးပါခင်ဗျာ။ (၂) ကိုယ်ဝန်ဖျက်ချတာ လူသတ်မှု မမြောက်ပါ။ သို့သော် လူသတ်မှုကဲ့သို့ ပြစ်ဒဏ်ကြီးလေးပါသည်။ ပြစ်မှုပုဒ်မ ၃၁၃ တွင် မိခင်သဘောမတူဘဲ ပျက်စေလျှင် သေဒဏ်ထိပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၃၁၅ တွင် မိခင်ကိုယ်တိုင် ပျက်စေလျှင် ထောင်ဒဏ် ၁ဝ နှစ်ထိပြဌာန်းထားပါတယ်။ မိခင်အသက်ကယ်ရန်ဆိုရင် ကင်းလွတ်ခွင့် ရပါတယ်။ • ယောက်ျားကနေ လိင်ဆက်ဆံမှုဖြစ်စဉ် အဆုံးမှာ သုက်ရည်တွေ ထွက်တယ်။ တခါထွက်တာထဲမှာ သုက်အကောင်ရေ သန်း ၄ဝ ကနေ ၁၅ဝ ပါနေမယ်။ • မိန်းမမျိုးဥအိမ်ကနေ ရင့်မှည့်နေတဲ့ မျိုးဥထွက်လာတာနဲ့ သားအိမ်ပြွန်ထဲကို အဖျားမှာ လက်ဝါးလိုနေတဲ့ အပေါက်ဝကနေ ဝင်လာမယ်။ • အမျိုးသမီး ဗဂျိုင်းနာထဲမှာ အဲလို စွန့်ထုတ်-ပန်းထွက်မှု ဖြစ်တာနဲ့ သုက်ကောင်တွေဟာ သားအိမ်ဝကနေ သားအိမ်ထဲကို ရေကူးသလို တက်လာကြမယ်။ မ-မျိုးဥကို အငန်းမရ လိုက်ရှာနေကြတာ ဖြစ်တယ်။ အမြန်ဆုံး သုက်ပိုးဟာ နာရီဝက်သာ ကြာတယ်။ နှေးတဲ့ကောင်တွေက တရက်နဲ့ မရောက်နိုင်ဘူး။ • တခုတည်းသော သုက်ပိုးကနေ ရင့်သန်မှုရှိနေတဲ့ မျိုးဥထဲကို ထိုးဖေါက်ဝင်ရောက်တာနဲ့ Conception သန္ဓေဖြစ်ခြင်း ဒါမှမဟုတ် Fertilization မျိုးစပ်ခြင်းဖြစ်စဉ် စတင်ပါတော့မယ်။ • ဒီဖြစ်စဉ်က ၂၄ နာရီသာကြာတယ်။ ဒီအချိန်မှာ Genetic makeup မျိုးဗီဇအသစ်ပုံဖေါ်မှု ပြီးဆုံးသွားပြီ ဖြစ်တယ်။ ကလေးဟာ မိန်းကလေးလား၊ ယောက်ျားလေးလား သတ်မှတ်လိုက်ပြီ ဖြစ်တယ်။ စမ်းလို့တော့ မရနိုင်သေးဘူး။ • မျိုးဥထဲကို သုက်ပိုးတခု ဝင်ရောက်လာနိုင်တော့တဲ့နောက်မှာ မျိုးဥအဖုံးနံရံက ပြောင်းလဲလာမယ်။ နောက် သုက်ပိုးတွေ ဝင်မလာစေတော့အောင်လုပ်တာ ဖြစ်တယ်။ • ဆဲလ်တခုချင်းစီသာရှိတဲ့ သုက်ပိုးနဲ့ မျိုးဥဟာ တခုတည်းသာဖြစ်လာပြီး ချက်ချင်း ၁ ကနေ ၂ အဆင့်ကို ဒုတိယနေ့မှာ ဖြစ်မယ်။ ဆက်ပြီး ၂ ကနေ ၄ အဆင့်ကို ၃-၄ ရက်မှာဖြစ်ပြီး ၈ ကို ၄ ရက်မြောက်မှာဖြစ်လာမယ်။ • ဆဲလ်ပွါးခြင်းဖြစ်စဉ်အတွင်းမှာ သုက်ပိုးနဲ့ မျိုးဥတွေ့ဆုံခဲ့ကြတဲ့ သားအိမ်ပြွန်ဖျားပိုင်းလောက်ကနေ သားအိမ်ထဲ ဝင်လာမယ်။ • ဆလ်ပွါးခြင်းဖြစ်စဉ်ဆက်ဖြစ်ပြီး ထောင်ဂဏန်အရေအတွက်ကနေ သိန်း-သန်းအထိ တိုးတိုးလာမယ်။ ၅ ရက်ကနေ ၇ ရက်အတွင်း သားအိမ်အတွင်းနံရံကို လာပြီး တွယ်ကပ်မြုပ်ဝင်မယ်။ • Implantation သန္ဓေကပ်ပြီလို့ပြောနိုင်ပြီဖြစ်တယ်။ အတူနေပြီးနောက် ၆ ရက်လို့ ယူဆနိုင်တယ်။ ဒါကြောင့် အရေးပေါ် တားဆေးတွေကို အတူနေပြီး ၅ ရက် (၁၂ဝ နာရီ) အတွင်း အသုံးပြုဘို့ ညွှန်ရတာဖြစ်တယ်။ • (ဆဲလ်) ပွါးဖြစ်စဉ်က ရပ်မနေဘူး။ များသထက် များလာမယ်။ သားအိမ်အတွင်းဆုံးလွှာမှာ နစ်မြုပ်တွယ်ကပ်တာ ဖြစ်ပြီးနောက် (ဆဲလ်) တချို့က အချင်း၊ (ဆဲလ်) တချို့က ကလေးဖြစ်လာကြတယ်။ • ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်းတွေ အမျိုးမျိုးက အချိန်ကိုက်ထွက်လာမယ်။ သန္ဓေဖြစ်ခြင်းဖြစ်စဉ် ပဌမပတ်မှာ အသစ်ထွက်လာတဲ့ အချင်းနဲ့ဆိုင်တဲ့ ဟော်မုန်းတမျိုးက (hCG) ဖြစ်တယ်။ ဒီဟော်မုန်း သွေးထဲ၊ ဆီးထဲ ပါနေတာကို သိအောင် စစ်နည်းနဲ့ ကိုယ်ဝန် ရှိနေ-မနေ စမ်းကြရတယ်။ အဖြေမှန်ရအောင် ၃-၄ ပတ် စောင့်ရတယ်။ • ၄ ပတ်ရှိရင် ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ သိသာလာပြီ။ ကလေးရဲ့ နှလုံးဟာ ၅ ပတ်အကြာမှာ ဖြစ်လာတယ်။ ဦးနှောက်၊ ခါးရိုးထဲက အာရုံကြောကြီးတွေလဲ ဆက်တိုက်ဖြစ်ပေါ်လာတယ်။ အဆုပ်၊ အသဲ၊ အစာအိမ်၊ အူ စတာတွေ ဖြစ်လာမယ်။ • ၈ ပတ်ဆိုရင် Fetus သန္ဓေသားလို့ခေါ်နိုင်ပြီ။ အရွယ်အစားအားဖြင့် လက္မဝက်မက ရှိလာပြီ။ ပါးစပ်၊ နှာခေါင်း ပီပြင်လာပြီ။ ၄ဝ-၄၂ ပတ်အထိ ဆက်ကြီးထွားလိမ့်မယ်။ • ၁၂ ပတ်ရောက်ရင် ၂ လက္မရှိပြီ။ လှုတ်ရှားမှုစလာပြီ။ မိခင်လောင်က မသိသေးဘူး။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးမှာ တခုခု ခံနေတာ (သားအိမ်အမြင့်ဆုံးနေရာ) ကိုစမ်းလို့ တွေ့နိုင်ပြီ။ ကရိယာနဲ့စမ်းရင် နှလုံးအလုပ်လုပ်နေတာ သိမယ်။ ကျား-မ ခွဲလို့သိမယ်။ • ၁၆ ပတ်ရှိရင် ၄့၃ ကနေ ၄့၆ လက္မရှိလာပြီ။ ၃့၅ အောင်စလေးနေပြီ။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးနဲ့ ချက်ကြားအထိ သားအိမ်က မြင့်တက်နေပြီ။ • ၂ဝ ပတ်ဆိုရင် သားအိမ်အမြင့်က ချက်အောက်တည့်တည့်မှာရောက်လာပြီ။ ၆ လက္မရှိပြီ။ မအေက အထဲမှာ ကလေးလှုတ်တာ သိနိုင်ပြီ။ (အာလ်ထွာဆောင်း) ရိုက်တာကို အများအားဖြင့် ၂ဝ ပတ်မှာ လုပ်တယ်။ • ၂၄ ပတ်ရှိရင် ၁့၎ ပေါင်လေးနေပြီ။ • ၂၈ ပတ်မှာ ၂ ပေါင် ၆ အောင်စလေးပြီ။ ကလေးက အထဲမှာ အနေအထား အမျိုးမျိုးပြောင်းနေမယ်။ အချိန်စောမွေးတာဖြစ်လာရင်လဲ ရှင်နိုင်စွမ်းရှိလာနေပြီ။ • ၃၂ ပတ်ဆိုရင် ၄ ပေါင်လေးပြီ။ အရေပြားအောက်မှာ အဆီစုလာရာကနေ အရေးအကြောင်းလေးတွေ ဖြစ်လာနိုင်ပြီ။ • ၃၆ ပတ် အကြောင်းခံ အမျိုးမျိုးကြောင့် ကလေးအရွယ်အစား အမျိုးမျိုးဖြစ်နိုင်တယ်။ ပျမ်းမျှ ၆ ပေါင်လေးပြီး၊ ၁၈့၅ လက္မရှည်မယ်။ • ၃၇ ပတ်ပြည့်တာကို ကိုယ်ဝန် အပြည့်သက်တမ်းလို့ ခေါ်နိုင်တယ်။ ANC မှတ်တမ်းမှာ ၄ဝ ပတ်ကို EDD ခန့်မှန်းခြေမွေးမဲ့ရက်လို့ တွက်ပေးထားမယ်။ တကယ်မွေးမှာက ၃၈ ပတ်ကနေ ၄၂ ပတ်အတွင်း ဖြစ်မယ်။ ကိုယ်ဝန်ရှိပြီဆိုတာ ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ချိန်၊ သန္ဓေဖြစ်ချိန်ကို ခေါ်တာလား။ သားအိမ်ထဲမှာ တွယ်ကပ်လိုက်ချိန်ကို ခေါ်တာလား။ ဒီအယူအဆ ၂ မျိုးကို သုတေသန လုပ်တော့ ဆရာဝန်တွေ အမြင်မတူကြတာ တွေ့ရတယ်လို့ အမေရိကန် သားဖွါးမီးယပ် ဂျာနယ်မှာ ရေးသားလိုက်ပါတယ်။ မေးခွန်းကို အမေရိကားမှာရှိတဲ့ သားဖွါး-မီးယပ် ဆရာဝန်ပေါင်း ၁၁၅၄ ဦးတို့ကနေ အဖြေတွေပေးခဲ့ကြတယ်။ ၅၇% က ကိုယ်ဝန်ရှိပြီဆိုတာ ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ Fertilization ပေါင်းစပ်ချိန်၊ Conception သန္ဓေတည်ချိန် ဖြစ်တယ်။ ၂၈% က ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ပြီး နောက်တပါတ်အကြာ သားအိမ်ထဲမှာ Embryo implantation တွယ်ကပ်လိုက်ချိန် ဖြစ်တယ်။ ၁၅% က မသေခြာဘူးလို့ ဆိုပါတယ်။ အဖြေတွေမှာ ဘာသာရေးအယူအဆ သက်ရောက်မှုရှိမှာဖြစ်သလို ကိုယ်ဝန်ကို မလိုချင်လို့ ဖျက်ပြစ်တာမှာလဲ လုပ်သင့်တယ်-မလုပ်သင့်ဘူး ဆုံးဖြတ်ရာမှာလဲ သက်ရောက်စေတယ်။ ဘာသာရေးတွေက မတူသလို ဥပဒေတွေကလဲ တနေရာနဲ့တနေရာမှာ မတူကြပါ။ မြန်မာဆရာဝန် တယောက်အနေနဲ့ ကျန်းမာရေးဒေါင့်ကနေပြောရရင် ယောက်ျား-မိန်းမ အတူနေကြပြီးနောက် အရေးပေါ်တားဆေး-တားနည်းကို (၅) ရက် အတွင်းလုပ်လို့ ကိုယ်ဝန်မရတာဟာ အပြစ်လွတ်တယ်။ ၆ ရက်ကနေစပြီး ကိုယ်ဝန် ဘယ်အဆင့်မှာဖြစ်ဖြစ် ဆက်မတည်နိုင်အောင် ဘယ်နည်းနဲ့လုပ်လုပ် ကိုယ်ဝန်ကို ဖျက်ရာရောက်တယ်။ Dr. တင့်ဆွေ

Abortion drug ဖျက်ဆေး

ဒီစာကို ဆရာကနေညွှန်ကြာတဲ့၊ ခိုင်းတဲ့စာလို့ မယူဆပါနဲ့။ ဆရာက မြန်မာပြည်ကဆေးပညာသင်ထားပြီး စည်းကမ်းကိုလဲ အခုထိလိုက်နာလို့ ကိုယ်ဝန်ကို တမင်ပျက်အောင် လုပ်မပေးပါ။ ဆေးပညာစာတွေကိုတော့ စုံအောင်ရေးပါတယ်။ Misoprostol (Cytotec) ဆေးသုံးနည်း လူသုံးများနေတဲ့ Misoprostol (မစ်ဆိုပရိုစတောလ်) တမျိုးထဲနဲ့လည်း ဖျက်နိုင်တယ်။ ဒါပေမဲ့ ဆရာဝန်မပါဘဲ ကိုယ့်ဖါသာ မလုပ်သင့်ပါ။ သားအိမ်ကို ညှစ်စေပြီး အထဲက ကိုယ်ဝန်ကို အပြင်ထုတ်ပြစ်တယ်။ ဗိုက်နာလာပြီး သွေးဆင်းမယ်။ ရာသီလာတာထက် များမယ်။ ၈ဝ% မက ၉ဝ% အထိ အောင်မြင်မှုရှိတယ်။ ကိုယ်ဝန်ပိုရင့်နေရင် သွေးဆင်းတာ သိပ်များပြီး နောက်ဆက်တွဲ ဖြစ်နိုင်တာတွေ ရှိနိုင်တယ်။ သွေးအားနည်းနေသူတွေ မသုံးသင့်ဘူး။ အရက်၊ မူးယစ်ဆေးနဲ့ မတွဲသင့်ဘူး။ သားအိမ်ပြင်ပ ကိုယ်ဝန်အတွက် မသုံးရဘူး။ IUCD/IUD ကိုယ်ဝန်တားပစ္စည်းထည့် ထားသူတွေလဲ မသုံးရပါ။ သွေးဆင်းလာပေမဲ့ ကိုယ်ဝန် မပျက်နိုင်တာ ၁ဝ% ရှိနိုင်တယ်။ ဆေးနည်းနဲ့ ထပ်လုပ်နိုင်တယ်။ ဒါလဲ မပျက်သေးဘဲ ရှိနိုင်တယ်။ ၁၄ ရက်နေလို့မှ မပျက်ရင် သားအိမ်ခြစ်နည်း လုပ်ရမယ်။ ဆေးသုံးပြီး ကိုယ်ဝန်ဖျက်ပြီးနောက်မှာ မပျက်တာကို ကိုယ်ဝန်ကို ဆက်တည်စေချင်ရင် ကလေးမှာ ချို့ယွင်းချက် တခုခုဖြစ်နိုင်ခြေ နဲနဲရှိတယ်။ လိင်ကတဆင့် ကူးစက်ရောဂါ ရှိနေလျှင် တပါတည်း ကုသပါ။ Misoprostol ဆေးနာမယ်တွေ အမျိုးမျိုးရှိတယ်။ Alsoben, Arthrofen, Arthrotec 50 or 75 (200µg Misoprostol), Artrotec (Venezuela, Hong Kong, Australia), Asotec (Bangladesh), Cirotec, Cyprostol, Cyrux (Mexico), Cystol, Cytil (Colombia), Cytolog, Cytomis, Cytopan (Pakistan), Cytotec (200µg Misoprostol), Gastec, Gastrotec, Gistol, GMisoprostol, Gustrul (Indonesia), Gymiso, Isovent (Kenya, Nepal), Kontrac (India, Democratic Republic Congo), Mibetec, Miclofenac, Mirolut, Misel, Misive (Spain), Misoclo, Misofar (Spain), Misofen, Misogon, Misoplus, Misoprolen (Peru), Misoprost, Misotac (Egypt, Ghana, Sudan, Tanzania, Uganda, Zambia), Misotrol (Chili), Mizoprostol (Nigeria, Noprostol (Indonesia), Oxaprost 50 or 75 (200µg Misoprostol) (Argentina), Prestakind, Prostokos (25µg Misoprostol) (Brazil), Sintec, Vagiprost (25µg Misoprostol) (Egypt), Zitotec (က) ၁၂ ပါတ် အထိကိုယ်ဝန်ကို Misoprostol (Cytotec) တမျိုးထဲနဲ့ဖျက်ခြင်း၊ - Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ဝ နာရီတခါ၊ ၆ နာရီတခါ၊ ၁၂ နာရီတခါ စုစုပေါင်း ၃ ခါထည့်ပါ။ ဒါမှမဟုတ် - - Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ၁၂ နာရီတခါ ပေါင်း ၃ ခါထည့်ပါ။ ဒါမှမဟုတ် - - Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ၂၄ နာရီတခါ ပေါင်း ၃ ခါ ထည့်ပါ။ ဒါမှမဟုတ် - - Misoprostol 800mcg ကို လျှာနဲ့ ပါးစောင်မှာ ၃ နာရီခြား ၃ ခါ ငုံထားပါ။ • မွေးလမ်ကြောင်းကထည့်တာက ပါးစပ်ကသောက်တာနဲ့ ထိရောက်မှုတူပြီး၊ ဘေးထွက်-ဆိုးကျိုး ပိုနည်းတယ်။ လေ့လာမှု တချို့အရ ပါးစပ်ကသောက်တာဟာ ထိရောက်မှုနည်းတယ်။ မွေးလမ်းကထည့်ရင် ဆေးပြားကို နဲနဲ စိုအောင်အရင်လုပ်ပါ။ အတွင်းထိရောက်ပါစေ။ ပါးစပ်ကနေ အရင်ငုံထားတာ မိနစ် ၃ဝ နေလို့မှ ဆေးက ပျော်မသွားရင်တော့ မျိုချပါ။ • ၁၂ နာရီအတွင်း ၇ဝ% အကုန်ပျက်ကျတယ်။ • ၂၄ နာရီအတွင်း ၈ဝ% အကုန်ပျက်ကျတယ်။ • ၄၈ နာရီအတွင်း ၉၅% အကုန်ပျက်ကျတယ်။ • သားအိမ်ခြစ်စရာမလို၊ ဝယ်ရတာမခက်၊ ဈေးသိပ်မကြီး၊ သူ့အလိုလို ပျက်ကျသလိုနေ၊ ပျမ်းမျှ ၉၃% ထိရောက်မှုရှိ။ (ခ) ၁၃-၂၂ ပါတ် အထိကိုယ်ဝန်ကို Misoprostol (Cytotec) 400mcg ကို မွေးလမ်းကြောင်းကနေ ၃ နာရီတခါ၊ ပေါင်း ၅ ခါထည့်ပါ။ (ဂ) ၂၃ ပါတ်ကျော်နေတဲ့ ကိုယ်ဝန်ကို Misoprostol (Cytotec) ဆေးတမျိုးထဲနဲ့ ရနိုင်-မရနိုင် မသေခြာပါ။ Misoprostol Cytotec ဘေးထွက်-ဆိုးကျိုးများ = အန်၊ လေတက်၊ ဝမ်းချုပ်၊ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ရာသီမမှန်ခြင်း။ Misoprostol 200 mcg ပါတဲ့ဆေးပြား ၁၂ ပြားလိုမယ်။ (၁) Misoprostol 200 mcg ပါတဲ့ဆေးပြား ၄ ပြားကို လျှာအောက်မှာငုံထားပါ။ မျိုမချပါနဲ့။ နာရီဝက်နေလို့မှ ဆေးက ပျော်မသွားသေးရင်တော့ မျိုချနိုင်တယ်။ (၂) နောက်ထပ် ၃ နာရီအကြာမှာ နောက်ထပ် Misoprostol 200 mcg ပါတဲ့ဆေးပြား ၄ ပြားကို လျှာအောက်မှာ ငုံထားပါ။ (၃) နောက်ထပ် ၃ နာရီအကြာမှာ နောက်ထပ် Misoprostol 200 mcg ပါတဲ့ဆေးပြား ၄ ပြားကို လျှာအောက်မှာ ငုံထားပါ။ ပေါင်း ၄ ပြားစီ ၃ ကြိမ်၊ ၁၂ ပြားကုန်မယ်။ • ဆေး ပဌမ ၄ ပြားနောက် ၄ နာရီအကြာမှာ ဗိုက်နာပြီး သွေးဆင်းလာနိုင်တယ်။ ဒိထက်လဲ နောက်ကျနိုင်တယ်။ ကိုယ်ဝန်ရင့်နေရင် ရင့်သလို သွေးဆင်းများမယ်။ အခဲတွေလဲပါမယ်။ ကုန်ကာနီးရင် ပိုနာ၊ ပိုဆင်းမယ်။ နောက် ကုန်တာနဲ့ ရပ်သွားမယ်။ ၉ ပတ်အထိရှိနေတဲ့ ကိုယ်ဝန်ဆိုရင် ဆင်းတာထဲမှာ အိတ်ကိုပါ မြင်ရမယ်။ • ဆေး ၃ ခါသုံးပြီးနောက် သွေးမဆင်းရင် ဆေးသုံးဖျက်နည်းနဲ့ မရနိုင်ပါ။ • သွေးဆင်းတာများရင်၊ လူကလဲ သွေးအားနည်းနေရင် သွေးဖိအားကျပြီး၊ ခေါင်းမူတာဖြစ်မယ်။ သွေးမဟုတ်ရင် Drip သွင်းဘို့ လိုနိုင်တယ်။ အိပ်ရာထဲမှာ လှဲနေရမယ်။ နားရမယ်။ ရေ-အရည် များများသောက်ရမယ်။ • ကိုယ်ပူပြီး ချမ်းရင် နဲနဲဆို ကိစ္စမရှိပါ။ ၃၈ ဒီဂရီကျော်ရင် ပိုးသေဆေး၊ အဖျားကျဆေးတွေ လိုမယ်။ • Arthrotec နဲ့ Oxaprost ထဲမှာ အနာသက်သာဆေး Diclofenac တွဲပါနေသည်။ အထဲမှာနေတဲ့ Diclofenac ကို မျိုမချတာ ကောင်းတယ်။ Dr. တင့်ဆွေ

Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ

မေးတဲ့အရေအတွက်မနည်းလို့ ကိုယ်ဝန်ဖျက်ခြင်းဟာ ကျန်းမာရေးပြဿနာတခု ဖြစ်ပါတယ်။ အမေး-အဖြေတွေကိုတော့ ကိုယ်ပိုင် (ဘလော့ခ်) မှာသာတင်ပြီး၊ (ဖေ့စ်ဘွတ်) မှာ မတင်ခဲ့ပါ။ အသိမပေးဘဲ၊ ကူးယူပြီး တခြား နေရာမှာ ပုံတွေနဲ့ ဝေဝေဆာဆာ တင်ကြလို့ အပြစ်တင်ခံရပါတယ်။ ခုတခါ (ဘလော့ခ်) ကို စည်းကမ်းနဲ့မညီလို့ဆိုပြီး အဖျက်ခံလိုက်ရလို့ တမျိုးလုပ်ရပါတော့မယ်။ နားလည်မှုပေးစေချင်ပါတယ်။ အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်-ကလေးဖွါးတာဟာ ‘အသက်ဖက်နဲ့ ထုပ်ထားရသလို’ အန္တရာယ်ကြီးလှတယ်။ ဒီလို မျိုးပွါး-ကျန်းမာရေး ကိစ္စတွေနဲ့ သေဆုံးကြရတဲ့ ထိပ်ဆုံးအကြောင်းရင်းတွေထဲမှာ သားပျက်ရာ ပိုးဝင်တာလဲပါတယ်။ လူတွေ အများဆုံးနေကြရပြီး၊ ဆင်းရဲမွဲတေမှု အများဆုံးရှိတဲ့ နေရာဒေသတွေမှာ ပိုများတယ်။ ဒီအထဲမှာ တရားမဝင် ကိုယ်ဝန်ဖျက်ရာကနေ ဖြစ်ကြရတာက တကမ္ဘာလုံးမှာ တနှစ်ကို အမျိုးသမီးပေါင်း ၆၈ဝဝဝ ယောက်ရှိတယ်။ နောက်တွဲဖြစ်နိုင်တာတွေကတော့ E. Coli, Klebsiella, Proteous, Bacteroids ဆိုးတဲ့ပိုးတွေကနေထွက်တဲ့ အဆိပ်အတောက်ကြောင့် Septic Shock (ရှော့ခ်) ဖြစ်နိုင်တယ်။ အရေးပေါ်ဆေးကုသမှုလုပ်ရမယ်။ ကိုယ်ဝန်ဖျက်ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများမေးခွန်းလဲ အခုတလော ဖြေနေရပါတယ်။ ဆေး (၃) မျိုးသုံးတယ်။ တချို့က တမျိုးထဲ၊ တချို့က ၂ မျိုးထဲသာသုံးတယ်။ (၁) Cytotec ရဲ့ ဘေးထွက်-ဆိုးကျိုးများ = အန်၊ လေတက်၊ ဝမ်းချုပ်၊ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ရာသီမမှန်ခြင်း (၂) Mifepristone (Mifeprex) ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ = ပျို့၊ အန်၊ ဝမ်းပျက်၊ အားနည်း၊ ခေါင်းမူး။ ဒီလိုဖြစ်နောက ၂၄ နာရီကျော်အထိကြာရင် ဆရာဝန်ပြပါ။ သွေးဆင်းမယ် (ကိုယ်ဝန်အရင့်အနုအပေါ်မူတည်မယ်)၊ ကြွက်တက်သလိုနာမယ်။ ဗိုက်နာမယ်။ တချို့မှာ ဖျားမယ်။ (၃) Methotrexate ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ = အန်၊ အစာမကျေ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မောပန်း၊ မျက်စိကြည့်မကောင်း။ အရေအတွက်နည်းသူတွေမှာ (အလာဂျီ) ရတာနဲ့ ဆိုးဝါးတာတွေဖြစ်နိုင်။ Septic abortion ဆိုတာ ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ခေါ်တာ။ ပိုးက နည်းအမျိုးမျိုးနဲ့ ဝင်နိုင်တယ်။ ဝင်သွားလို့ သားအိမ် အတွင်းဆုံးအလွှာ ရောင်ရင် Endometritis ဖြစ်မယ်။ သေသေခြာခြာ ဆေးမကုရင် ပိုးက ဆက်ပျံ့နှံ့ လိမ့်မယ်။ နောက်ဆုံး ဗိုက်ကိုအထဲမှာ ဖုံးထားပေးနေတဲ့ အလွှာကို ရောင်စေတဲ့ Peritonitis ဖြစ်တာဟာ အရေးပေါ်ရောဂါ တခုပါ။ အများဆုံး ဖြစ်မှာတော့ (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်ပါတယ်။ သားပျက်ရာ ပိုးဝင်သူတွေ ရာသီထိန်မယ်၊ ဖျားမယ်၊ ချမ်းမယ်၊ ဗိုက်နာမယ်၊ မွေးလမ်းကနေ သွေးဆင်းမယ်၊ ဆင်းတာက အနံ့ရှိမယ်၊ ခါးကိုက်မယ်၊ သွေးဖိအား ကျနေမယ်၊ ကိုယ်မပူဘဲ အေးနေတာလဲ ရှိတတ်တယ်၊ ဆီးအောင်တာဖြစ်ဖြစ် ဆီးနဲတာဖြစ်ဖြစ် ရှိမယ်၊ အသက်ရှူတာ ခက်မယ်၊ လိင်ကတဆင့် ကူးစက်ရောဂါ လက္ခဏာတွေနဲ့ တွဲနေတတ်တယ်၊ ကိုယ်လဲပူ၊ ဗိုက်လဲ အတင်းနာလို့ အူအတက်ရောင်တာနဲ့ မှားတတ်တယ်။ ပုံမှန်ကိုယ်ဝန် ဆိုတာလဲ မမေ့ရဘူး။ ဆီးလမ်း ပိုးဝင်တာတွေနဲ့ ဆင်တူတာကို ခွဲခြားရမယ်။ သွေးဆင်း ပုံမမှန်တာ၊ ရှော့ခ်ရတာ နဲ့ သွေးထဲ ပိုးဝင်တာတွေနဲ့လဲ ဆင်တူတတ်တယ်။ ရာသီလာချိန် နာတာ၊ ထိခိုက်မိတာ။ ဒါတွေအပြင် မျိုးဥအိမ် အလုံး၊ မွေးလမ်းကြောင်းရောင်၊ မျိုးဥအိမ် လိမ်နေတာ၊ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်၊ ရိုးရိုးကိုယ်ဝန်၊ သားအိမ်ပြင်ပကိုယ်ဝန်တည်တာ၊ တခြားရှားပါးတာတွေလဲ ရှိသေးတယ်။ ဘာလို့ဖြစ်ရသလဲ • သားပျက်လို့ ထွက်ရမဲ့အရာတွေက သားအိမ်ထဲမှာ ကျန်နေရာကနေလဲ ဖြစ်တယ်။ • ဖျက်ဘို့သုံးတဲ့ ပစ္စည်း-နည်းတွေကြောင့်လဲ ဖြစ်တယ်။ • မွေးလမ်းကြောင်း ထဲမှာ အမြဲလိုလို ရှိနေကြတဲ့ (ဗက်တီးရီးယား) တွေက အထက်ကို တက်လာရာကနေ ဝင်နိုင်သလို လိင်ကတဆင့် ကူးစက်ရောဂါပိုးတွေကြောင့်လဲ ဖြစ်တယ်။ ပိုးအမျိုးအစားတွေကတော့ E coli, B beta-hemolytic Streptococci, Staphylococcal, Bacteroides, Neisseria gonorrhoeae, Chlamydia trachomatis, Clostridium perfringens, Mycoplasma hominis နဲ့ Haemophilus influenza တွေ ဖြစ်တယ်။ ဘာတွေလုပ်ရမလဲ - • အာလ်ထွာ-ဆောင်း ရိုက်၊ • (hCG) ကိုယ်ဝန် ဆီးစစ်တာ လုပ်မယ်။ • ပိုးဝင်နေရင် တခါတည်း D and C သားအိမ် မခြစ်သေးဘဲ နေရသေးတယ်။ • ဒါမှမဟုတ် Oxytocin ဆေးသွင်းတာနဲ့ ကျစေရမယ်။ • လိုအပ်ရင် Dextrose Water, Dextrose Saline, Ringer’s Lactate, Normal Saline ဆေးသွင်းပေး၊ • အောက်စီဂျင်လဲ လိုခြင်လိုမယ်။ • ဆေးရုံရောက်တာနဲ့ ဆေးစစ်-သွေးစစ်တာတွေ လုပ်မယ်။ • နာနေတာ၊ ဖျားနေတာတွေ အတွက် Antibiotics ဆေးတွေ ပေးမယ်။ • မေ့ဆေးအတွက် ပြင်ဆင်မယ်။ • သွေးသွင်းဘို့ လိုနိုင်တယ်။ • သားအိမ်က အလုပ်မလုပ်ရင် Oxytocin ဆေးသွင်းပေးမယ်။ ဒါမှမဟုတ် Intracervical vasopressin or Carboprost tromethamine ဆေးကို သားအိမ်အဝထဲထည့်ပေးမယ်။ • D and C သားအိမ်ခြစ်တာ လုပ်ရနိုင်တယ်။ ခြစ်ပြီးနောက်မှာလိုလို့ ထပ်လုပ်ရတာလဲ ရှိတယ်။ • မရတဲ့အဆုံး သားအိမ် ထုတ်ပြစ်ရသူလဲ ရှိနိုင်သေးတယ်။ ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ဘယ်လိုကုသမလဲ - • အရေးပေါ်မီးယပ်ရောဂါလို့ သတ်မှတ်တယ်။ ပိုးအမျိုးတွေကများလို့ အသုံးပြုတဲ့ ပဋိဇီဝဆေးတွေကလဲ များလှတယ်။ Antibiotics Tripple Regime ပိုးသေဆေး (၃) မျိုး တွဲပေးရတယ်။ (၁) Ampicillin 1-2G တနေ့ ၄ ကြိမ်၊ ၂၄-၄၈ နာရီ။ (၂) Metronidazole 500 mg တနေ့ ၃ ကြိမ်၊ ၂၄-၄၈ နာရီ။ (၃)Gentamycin 80 mg တနေ့ ၃ ကြိမ်၊ ၅ ရက်။ (၄) တခြားပိုးသေဆေးတွေကတော့ Cephalosporins IV Cefuroxime 750-1500 mg တနေ့ ၃-၄ ကြိမ်၊ ၂၄-၇၂ နာရီ။ Ofloxacin, Ciprofloxacin 400 mg တနေ့ ၁ ကြိမ်။ • D and C ပိုးသေဆေးပေးပြီး သားအိမ်ခြင်းခြင်း၊ • မေ့ဆေးနဲ့လုပ်မယ်။ သားအိမ် ပေါက်မသွားအောင်အထူးသတိထားပါ။ • နာတာသက်သာအောင် IM Pethadine 100 mg ၄-၆ နာရီတခါထိုးပေးပါ။ Promethazine 25 mg ၈-၁၂ နာရီတခါ၊ ၂၄-၄၈ နာရီအထိ တွဲထိုးပါ။ • ATT 0.5 mg + Human Immuno Tetanus Globulin 250-500 IU မေးခိုင်ကာကွယ်ဆေး (၂) မျိုးထိုးပေးပါ၊ မြန်မာပြည်မှာ ကိုယ်ဝန်ကို တမင်တကာဖျက်တာ တရားဥပဒေက ခွင့်မပြုပါ။ လုပ်ပေးသူမှာလဲ အပြစ်ရှိတယ်။ တရားဝင် ဆေးရုံ-ဆေးခန်းတွေမှာ လုပ်တာရပေမဲ့လဲ ကိုယ်ဝန်ဖျက်ခြင်းမှာ နောက်ဆက်တွဲတွေ မကင်းပါ။ ရောဂါနောက်ဆက်တွဲ၊ မေ့ဆေး နောက်ဆက်တွဲ၊ ဆေးဝါးနောက်ဆက်တွဲ၊ ခွဲစိတ်မှုနောက်ဆက်တွဲ။ တချို့မှာ သားအိမ် ပေါက်ထွက်သွားတာ တွေ့ရတတ်တယ်။ အူထိခိုက်ထားတာ၊ ဆီးအိမ် ထိခိုက်တာတွေလဲ ဖြစ်နိုင်တယ်။ ပိုးက သွေးထဲရောက်သွားတာလဲ အတော်ဆိုးတယ်။ ဒေါက်တာတင့်ဆွေ

Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ

Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (၁) ဆရာရှင့် ကျမအသက် ၃ဝ ရှိပါပြီ။ ကိုယ်ဝန်ပျက်ကျတာလေးကြိမ်ရှိပါပြီ။ ၈ ပတ်နဲ့ ၈ ပတ်မပြည့်ခင်မှာပျက်ကျပါတယ်။ သားအိမ်၂ ကြိမ်ခြစ်ရပါတယ်။ ပျက်ကျတဲ့အကြောင်းရင်းလေးသိချင်ပါတယ်ရှင်။ (၂) မင်္ဂလာပါဆရာရှင့်။ ဆရာရဲ့စာတွေဖတ်ရတာ အလွန်အကျိုးရှိလှပြီး နိုင်ငံရပ်ခြားကနေ မြန်မာနိုင်ငံသားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာ အတိုင်းမသိ ကျေးဇူးတင်မိပါတယ်ရှင့်။ သမီးအသက်က ၃ဝ ပါဆရာ။ ရန်ကုန်မှာ နေပါတယ်။ ပြီးခဲ့တဲ့ ၄ ရက်လောက်က သမီးရဲ့ရှစ်ပတ်ရှိပြီ။ ဖြစ်တဲ့ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။ ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အကြောင်းရင်းအများကြီးထဲက အဖြစ်နိုင်ဆုံးအချက်အနည်းငယ်ကို ရှင်းပြစေလိုပါတယ်ရှင်။ သမီးဘယ်နှစ်လနေရင် ကလေးပြန်ယူလို့ရနိုင်မလဲ၊ ဘာတွေကြိုတင်ပြင်ဆင်ရမလဲသိချင်ပါတယ်ရှင်။ သမီးကိုယ်ဝန်ပျက်ကျတာ ဆရာဝန်ကြီးက သားအိမ်ခြစ်ပြီး၊ Biosy လုပ်ပါတယ်။ အဖြေမသိရသေးပါ။ ဘာကြောင့်ပါလဲရှင်။ (၃) အသက်က ၃၁ နှစ်ရှိပါပြီ။ အိမ်ထောင်သက်က ၄ နှစ်ပါ။ ကိုယ်ဝန်ပျက်တာ ၃ ခါရှိပါပြီ။ တစ်ခုနဲ့တစ်ခု တစ်နှစ်စီ ခြားပါတယ်။ သမီးကိုယ်ဝန်တွေက ၂ လကျော် ၁၁ ပါတ်မှာ ပျက်တာပါ။ OG တွေနဲ့ပြပါတယ်။ Abortion (အဘောရှင်း) ဆိုတာထက် Miscarriage (မစ်ကဲရေ့ခ်ျ) ဆိုတာကမှ ဆေးစာလုံးအမှန်ဖြစ်ပါတယ်။ Abortion ဆိုတာက ပျက်အောင်ဖျက်တာကိုသာ ခေါ်ပါတယ်။ Biopsy လုပ်တာက ခြစ်ထုတ်တဲ့ အသားစမှာ ကင်ဆာစတာပါ-မပါကိုသိချင်လို့ဖြစ်တယ်။ တကယ့်ကိုယ်ဝန်လား၊ စပျစ်သီးကိုယ်ဝန်လားလဲ စစ်ချင်လို့ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်-ဖျက်ပြီးရင် နောက်ကိုယ်ဝန်ယူဘို့ အများအားဖြင့် ရာသီမှန် ၂ လ စောင့်ခိုင်းလေ့ရှိပါတယ်။ ဘာလို့ ပျက်သလဲ၊ ဘယ်နည်းနဲ့ ပျက်-ဖျက်သလဲအပေါ်မှာ မူတည်တယ်။ ကိုယ်ဝန်ဆက်ရှိသွားလဲ စိုးရိမ်စရာမရှိပါ။ ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေကို စာရင်းချရင် ၃၂ မျိုးရှိတယ်။ အများဆုံး ဖြစ်တတ်တဲ့ ရောဂါ ၃ မျိုး၊ ဖြစ်လေ့ရှိတဲ့ ရောဂါ ၁ မျိုး၊ ဖြစ်ခဲတဲ့ရောဂါ ၁ မျိုး၊ ရှားရှားပါးပါး ဖြစ်တတ်စေတတ်တဲ့ ရောဂါ ၂ မျိုးနဲ့ တခြားအကြောင်း ၂၆ မျိုးဆိုပြီးရှိတယ်။ အဲဒီရောဂါနဲ့ အခြေအနေတွေထဲက • Amniocentesis လုပ်နည်း၊ • Anticardiolipin syndrome ရောဂါ၊ • Carboprosttromethamine ရောဂါ၊ • Cervical incompetence သားအိမ်ဝမလုံခြင်း၊ • Chronic villus sampling လုပ်တာ၊ • Cone biopsy of cervix လုပ်တာ၊ • Endometrosis သားအိမ်ရောဂါ၊ • Gemeprost သွေးဆင်းရပ်ဆေး၊ • Listeria monocytogenes ရောဂါ၊ • Paroxysmal nocturnal hemoglobinuria ရောဂါ၊ • Paroxyvirus B19 infection ရောဂါ၊ • Rubella ဂျာမန်-ဝက်သက် ရောဂါ • Sickle cell disease သွေးရောဂါ၊ • Systemic lupus erythematosus ရောဂါ နဲ့ • Dinoprostone ကိုယ်ဝန်ဖျက်ဆေး၊ Mifepristone ကိုယ်ဝန် ဖျက်ဆေးတွေဟာကိုယ်ဝန် တခါမကပျက်နိုင်ပါတယ်။ ကျန်တာတွေကတော့ Alloimmune ရောဂါ၊ Antifetal antibodies ရောဂါ၊ Antiphospholipid antibodies ရောဂါ၊ သန္ဓေသားအင်္ဂါချို့ယွင်းတာ၊ အစာဆိပ်သင့်တာ၊ (ကေဖင်း) အများကြီးသောက်တာ၊ ရောဂါပိုးဝင်တာ၊ သားအိမ်ထဲ IUCD ပစ္စည်းထည့်တာ၊ Japanese skimmia ရောဂါ၊ Luteal phase defect ရောဂါ၊ ကင်ဆာအတွက် ဓါတ်ကင်တာ၊ ဆေးလိပ် သောက်တာ၊ သားအိမ် ပုံမှန်မဟုတ်တာ၊ အရက်သောက်တာနဲ့ သူ့အလိုလိုပျက်ကျတာတွေ ဖြစ်ပါတယ်။ • Miscarriage ခေါ်တဲ့ ကိုယ်ဝန်က ဖျက်ချတာမဟုတ်ဘဲ သူ့အလိုလိုပျက်စေတဲ့ အကြောင်းတွေထဲမှာ မတော်ဆဖြစ်တာနဲ့ သဘာဝအကြောင်းတရားတွေ ရှိတယ်။ အများဆုံး ဖြစ်တာက သန္ဓေသားရဲ့ (ခရိုမိုဆုံး) ပုံမှန် မဟုတ်လို့ ဖြစ်တာ၊ 50% ရှိတယ်။ • အများစုကစောပြီးပျက်တယ်။ တချို့မှာကိုယ်ဝန်ရှိနေတာတောင် မသိဘူး။ သုတေသနတခုအဆိုအရ - ၆၁့၉% ၁၂ ပတ် အတွင်းပျက်ကျတယ်။ - ဒီအထဲက ၉၁့၇% က ပျက်ကျတယ် ဆိုတာတောင် ကိုယ်တိုင် မသိလိုက်ကြဘူး။ - ၁ဝ ပတ် ကျော်တာနဲ့ အလိုလိုပျက်ဘို့ အခွင့်အလမ်းသိသိသာသာနည်းလာပြီ။ • ထိခိုက်မှု ဆိုတာ - မတော်တဆထိခိုက်မှု (အတွေ့အကြုံအရ အားကစားသာမန်လုပ်လို့ ပျက်မကျပါ။) - တမင်တကာထိခိုက်မှု နဲ့ - စိတ်ဖိအားတွေ ဖြစ်တယ်။ • ကိုယ်ဝန်ဆောင်သူအသက်ငယ်လွန်းတာ၊ ကြီးလွန်းတာကြောင့်လဲ ဖြစ်စေနိုင်တယ်။ - ၃၅ နှစ်အောက်မှာ ၁၅%၊ - ၃၅-၄၅ နှစ်ကြားမှာ ၂ဝ-၃၅%၊ - ၄၅ နှစ်အထက် ၅ဝ%၊ • ကိုယ်ဝန် တခါပျက်ဘူးသူ ၂၅% ထပ်ပျက်နိုင်တယ်။ ထပ်ထပ်ပျက်နေသူ ၁% ရှိတယ်။ • တချို့နေရာတွေမှာသိသာတဲ့ Miscarriage မဖျက်ဘဲပျက်တဲ့ ကိုယ်ဝန်ပျက်မှုပေါင်းဟာကိုယ်ဝန်စုစုပေါင်းရဲ့ ၁၅% ရှိတယ်။ အမေရိကားမှာ ၁ဝ-၂၅% ရှိတယ်။ • တချို့မှာဘာလို့လဲပြောမရဘူး။ ဒေါက်တာတင့်ဆွေ

Diet for breastfeeding mother နို့တိုက်မိခင် ဘာစားချင်လဲ

• နို့ရည်ဟာ အရေအတွက်ရော အရည်အသွေးပါ ကောင်းဘို့လိုတယ်။ အစားအသောက်အပေါ်မှာ မူတည်တယ်။ • ကိုယ်ဝန်ဆောင်နေတုံးမှာ စားရမှာတွေသာ ဆက်စားပါလို့ ပြောရင်မမှားပါ။ • နို့တိုက်မိခင် တယောက်ဟာ တနေ့မှာ ၅ဝဝ ကယ်လိုရီ ပိုစားဘို့လိုတယ်။ ဒါကြောင့် အစားပိုစားရမယ်ဆိုတာ အခြေခံဖြစ်တယ်။ • ကလိုရီ တနေ့မှာ ၂၅ဝဝ စားသုံးပါ။ ၃ လကျော်ရင် ၂၈ဝဝ ကလိုရီစားပါ။ • တနေ့ ၄-၅ ထပ်စားနိုင်တယ်။ “ကလိုရီတွက်မနေနဲ့ ဆာရင်စား” ဆိုတဲ့ ဥပဒေသလဲ သုံးနိုင်ပါတယ်။ • ကလေးမိခင်ကနေ တနေ့မှာ နို့ရည် ၂၃ -၂၇ အောင်စ (၆၅၂ - ၇၆၅ ဂရမ်) ထွက်ပါတယ်။ • ကလေးဟာ မိခင်နို့ကနေ တနေ့မှာ ကလိုရီ ၁ဝဝဝ လောက်ရနေသင့်တယ်။ • ချွေးပိုထွက်တာ သတိထားပါ။ ရေပိုသောက်ပါ။ တနေ့မှာ ရေ ၂့၅ လီတာကနေ ၃ လီတာသောက်ပါ။ ဒိထက်များတာတော့မသင့်ပါ။ နို့ရည်လိုတာထက် ပိုထွက်နိုင်တယ်။ • အစားအသောက်ထဲမှာ အမယ်စုံရမယ်။ အာဟာရဓါတ် ၇ မျိုး = Carbohydrates (ကာဗွန်ဟိုက်ဒရိတ်)၊ Proteins ပရိုတင်း၊ Fats အဆီ၊ Vitamins ဗီတာမင်များ၊ Minerals ဓါတ်ဆားများ၊ Fiber (ဖိုင်ဗာ)နှင့် ရေ။ • ပရိုတင်း (အသား၊ ဥ၊ ပဲအမျိုးမျိုး) ပိုစားပါ။ တနေ့မှာ ကိုယ်အလေးချိန် ၁ ပေါင်ရှိသူက ၁ ဂရမ် ပုံသေနည်း သုံးနိုင်ပါတယ်။ • ဒီထဲမှာ Calcium ကယ်လ်စီယမ် ၁ ကွာတ (၄ဝ အောင်စ) မှာ ၃၃ဝ မီလီဂရမ်ပါတယ်။ တနေ့မှာ Calcium 1,200 milligrams လိုတယ်။ • ကိုယ်ဝန်ဆောင်ကတည်းက သောက်ခဲ့ရတဲ့ Vitamin B 9 ခေါ်တဲ့ Folic acid ဖေါလစ်အက်စစ်လိုမယ်။ • Zinc သွပ်ဓါတ်လိုမယ်။ တနေ့မှာ 15 to 20 milligrams လိုတယ်။ • Vitamin A မလိုပါ။ • ဆီ-အဆီကိုတော့ ကောင်းတာရွေးသုံပါ။ Saturated fats နည်းစေပါ။ Trans fats ရှောင်ပါ။ • အမွှေးနံ့သာထည့်တာ သိပ်ဂရုစိုက်စရာ မလိုပါ။ အစပ်စားတာတောင်မှ အလွန်အကျူးရှောင်စရာမလိုပါ။ အရသာတွေ့မှ များများစားနိုင်တယ် မဟုတ်ပါလား။ • Calcium ထဲမှာ Vitamin D ပါတာကပိုကောင်းတယ်။ Vitamin D 600 IU (15 micrograms) (4,000 IU ထက်မပိုစေရပါ။) • မိခင်နို့တမျိုးထဲကနေ ကလေးအတွက် ဗီတာမင် ဒီ မလုံလောက်ပါ။ American Academy of Pediatrics ကနေ အကြံပြုထားတာကတော့ 400 IU (10 micrograms) ကလေးကို တိုက်ပါလို့ဖြစ်တယ်။ • Docosahexaenoic acid (DHA) = Omega-3 fatty acid ငါးထဲကရတယ်။ American Academy of Pediatrics ကနေ 200 to 300 mg DHA လိုတယ်လို့သတ်မှတ်ပါတယ်။ • တခြားအချိန်တွေမှာလိုဘဲ အစားအသောက်ထဲ ပိုးသတ်ဆေးတွေ၊ ဟော်မုန်းဆေးတွေပါတာကို ရှောင်ပါ။ အော်ဂဲနစ်အစားအသော်တွေ ရွေးစားပါ။ • ကေဖင်း (ကော်ဖီ) လျှော့သောက်ပါ။ • နေမကောင်းလို့ဆေးသောက်တာမှာတော့ ဆရာဝန်ကို အရင်တိုင်ပင်ပါ။ ပိုးသေဆေး၊ ဆာလ်ဖါဆေး၊ ဝမ်းနုတ်ဆေး၊ အိုင်အိုဒင်းပါတဲ့ဆေးတွေက နို့ထဲပါလာနိုင်တယ်။ • အရင်ကဆိုရင် အရက်ဆေးလိပ် မပြောစရာမလိုဘူး။ ခုခေတ်မှာ လူငယ်လူရွယ်တွေ မိန်းကလေးတွေပါ ဘီယာ၊ အရက် “မယဉ်ကျေးမှု” ကို အဟုတ်ထင်နေကြတာ စိတ်မကောင်းပါ။ ကိုယ့်ကလေးချစ်ရင် ဆင်ခြင်ကြပါ။ သိဒတ္ထမင်းသားကိုမွေးပြီး သူ့မိခင်ဟာ ၇ ရက်သာ အသက်ရှင်လို့ မိထွေးတော်ကနေ ဆက်ပြီး နို့ချို တိုက်ကြွေးခဲ့ရတယ်။ မိထွေးတော်ရဲ့ နို့ဖိုးအကြွေးကို မြတ်စွာဘုရားကနေ ဓမ္မနို့ရည်နဲ့ ပြန်ဆပ်ခဲ့လို့ ဂေါတမီ ထေရီမကြီး အကျွတ်တရား ရသွားစေခဲ့တယ်။ • Nutrition Facts အမြစ်-အသဲ ခွဲသိရအောင် http://dts-medicaleducation.blogspot.in/2011/03/nutrition-facts.html • Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html • Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး http://dts-medicaleducation.blogspot.com/2011/11/omega-3.html • Organic Food (အော်ဂဲနစ်) http://dts-medicaleducation.blogspot.com/2010/09/organic-food.html • Trans fats အညာသားများ ဆီစားကြသည် http://my-sayawun-life.blogspot.in/2010/10/trans-fats.html • Folic acid ဖေါလစ်-အက်စစ် http://dts-medicaleducation.blogspot.com/2011/11/folic-acid.html • Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html • Zinc သွပ်ဓါတ် http://dts-medicaleducation.blogspot.com/2010/12/zinc.html ဒေါက်တာတင့်ဆွေ